ဟန်နိုဗာနှင့် သရေကျပြီး ကိုလုံးအသင်း ယခုရာသီ ပထမဆုံးရမှတ်တမှတ်ရ

ဓာတ်ပုံ - အေအက်ဖ်ပီ
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဟန်နိုဗာနဲ့ ကိုလုံးအသင်းတို့ တဖက်နဲ့တဖက် ဂိုးမရှိ သရေကျသွားပါတယ်။ ကိုလုံးအသင်းအတွက်တော့ ၆ ပွဲကစားရမှာ ပထမဆုံးအနေနဲ့ သရေကျပြီး တမှတ်ရသွားပါတယ်။ အိမ်ရှင် ဟမ်းဘတ်အသင်းက ဘောလုံးပိုင်ဆိုင်မှု သာပေမယ့်လည်း ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ ဒီပွဲသရေကျလို့ ကိုလုံးအသင်းလည်း အရှုံးသံသရာကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဟန်နိုဗာအသင်းကတော့ ၁၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ မှာ ရပ်တည်နေပြီး ကိုလုံးအသင်းကတော့ ၁ မှတ်နဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up