A d v e r t i s e m e n t With Us

မော်ဒန်ဂျာနယ် တရား​စွဲမှုအ​ပေါ် နှစ်ဖက် ​ကျေ​အေး

ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာန အင်ဂျင်နီယာတဦး​က ပြည်သူ့​ဆောက်လုပ်​ရေး​ လုပ်ငန်း​ကနေ ပြည်တွင်း​ဂျာနယ်က သတင်း​သမား​နှစ်​ယောက်အ​ပေါ် တရား​စွဲဆိုထား​တဲ့​အမှုကို နှစ်ဖက် ​ကျေ​အေး​လိုက်ကြပါတယ်။ သပိတ်ကျင်း​မြို့​နယ် ​ဆောက်လုပ်​ရေး​အင်ဂျင်နီယာက အပတ်စဉ်ထုတ် ​မော်ဒန်ဂျာနယ် အယ်ဒီတာနဲ့​ သတင်း​ထောက်ကို တရား​စွဲထား​တဲ့​ အမှုကို နှစ်ဖက် ​ကျေ​အေး​လိုက်ပြီ ဆိုတာကို ​မော်ဒန်ဂျာနယ်နဲ့​ ပြည်သူ့​ဆောက်လုပ်​ရေး​လုပ်ငန်း​က တာဝန်ရှိသူ​တွေက ဒီဗွီဘီကို အတည်ပြု ​ပြောဆိုပါတယ်။ သတင်း​ထောက် မသက်စု​အောင်​ရေး​တဲ့​ သပိတ်ကျင်း​-တ​ကောင်း​လမ်း​ မ​ကောင်း​လို့​ ​ရှောင်လမ်း​က ​မောင်း​တာကို ​ဆောက်လုပ်​ရေး​ဌာနက ​ငွေ​ကောက်ခံတဲ့​ သတင်း​ကို သပိတ်ကျင်း​မြို့​နယ် ပြည်သူ့​ဆောက်လုပ်​ရေး​လုပ်ငန်း​ အင်ဂျင်နီယာက အသ​ရေဖျက်မှုနဲ့​ မတ် ၆ ရက်​နေ့​က မြို့​နယ် တရား​ရုံး​မှာ စွဲဆိုခဲ့​တာပါ။ ဒီအမှုနဲ့​ ပတ်သက်လို့​ ခုလို နှစ်ဖက်​ကျေ​အေး​မှု ရရှိခဲ့​တဲ့​အ​ပေါ် ​မော်ဒန်ဂျာနယ် အထက်မြန်မာပြည် တာဝန်ခံ ​ကျော်ရင်မြင့်​က ကြိုဆိုပါတယ်။ “အခု ​ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာနရဲ့​ ​ဆောင်ရွက်ချက်က​တော့​ ကျ​နော်က​တော့​ ကြိုဆိုပါတယ်။ သူတို့​က မီဒီယာ​တွေနဲ့​ အဆင်​ပြေချင်တယ်ဆိုတဲ့​ သ​ဘောထား​ပါ။ အနာဂတ်မှာလည်း​ ဒီကိစ္စကို စံနမူနာပြုပြီး​တော့​ ဝန်ကြီး​ဌာန​တွေ အစိုး​ရအဖွဲ့​အစည်း​တွေနဲ့​ မီဒီယာ​တွေဟာ တဦး​နဲ့​တဦး​ အဆင်​ပြေ​ပြေနဲ့​ ဆက်ဆံမယ် ဆိုရင် ​ကောင်း​ပါတယ်။ ​နောက်တခါ သူ့​ဘက်ကိုယ့်​ဘက်မှာ ချွတ်ယွင်း​ချက်​တွေ ရှိနိုင်ပါတယ်။ အဲဒီလို ရှိ​နေတာကိုလည်း​ သည်း​ခံပြီး​တော့​မှ ညှိနှိုင်း​ပြီး​တော့​မှ သွား​ကြမယ်ဆိုရင် ပိုပြီး​တော့​ အလုပ်ဖြစ်မယ်လို့​ ကျ​နော်​တော့​ ထင်ပါတယ်။” ပြည်သူ့​ဆောက်လုပ်​ရေး​လုပ်ငန်း​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ကျော်လင်း​က “ကျ​နော်တို့​ဘက်က​တော့​ မီဒီယာဆိုတာက စတုတ္ထမဏ္ဍိုင်ပါ။ အမြဲတမ်း​ မီဒီယာနဲ့​ လက်တွဲပြီး​တော့​ ​ကောင်း​တဲ့​ဘက်ကို ​လျှောက်ချင်ပါတယ်။”လို့​ ​ပြောပါတယ်။ ​မော်ဒန်ဂျာနယ်ကို တရား​စွဲဆိုမှုကို နှစ်ဖက်​ကျေ​အေး​ခဲ့​ပေမယ့်​ အစိုး​ရသစ် လက်ထက် ဒုတိယ​မြောက်တရား​စွဲဆိုမှုဖြစ်တဲ့​ သတ္တုတွင်း​ဝန်ကြီး​ဌာနက The Voice ဂျာနယ်ကို တရား​စွဲဆိုမှုကို​တော့​ မတ် ၂၂ ရက်​နေ့​ကို ချိန်း​ဆို​ပေမယ့်​ မစစ်ဖြစ်ဘဲ ပြန်လည် ချိန်း​ဆိုထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up