ဘောလုံးလောကအကျိုးပြု ထူးချွန်ဆု ဦးဇော်ဇော် ရရှိ

၂၀၁၆ ခုနှစ် အာဆီယံ တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲမှာအာဆီယံ ဘောလုံးလောကမှာ အမြင့်ဆုံးဆု တစ်ခုဖြစ်တဲ့ ဘောလုံးလောကအကျိုးပြု ထူးချွန်ဆု Goodwill Award ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆွတ်ခူးသွားပါတယ်။ ဒီဆုကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ  ပြုလုပ်တဲ့ ဆုပေးပွဲမှာ ပေးအပ်တာပါ။ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ၂၀၀၅ ခုနှစ်မှ စတင်တာဝန်ယူခဲ့ပြီး သက်တမ်းတစ်လျှောက်အတွင်း အာရှလူငယ်ဖွံဖြိုးရေးကော်မတီဥက္ကဋ္ဌ နဲ့ အာရှဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်မှာ ဒုတိယဥက္ကဋ္ဌ အဖြစ် လက်ရှိတာဝန် ထမ်းဆောင်နေပါတယ်။ သူဟာ ဒေသတွင်း ဘောလုံးဖွံဖြိုးတိုးတက်ရေးနဲ့ လှုမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ဦးဆောင်နိုင်လို့ ဆု ချီးမြှင့်ခံရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အာဆီယံ Goodwill Award ဆုဟာ ၂၀၁၃ ခုနှစ်က တစ်ကြိမ်သာ ပေးအပ်ခဲ့ဖူးပြီး လက်ရှိ အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ဥက္ကဋ္ဌက ရရှိထားပြီး ဦးဇော်ဇော်က ဒုတိယမြောက် ရရှိသူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up