Home
မြန်မာသတင်း
ညောင်လေးပင်တွင် ၂၂ ဘီးကားနှင့် ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေဆုံး
DVB
·
September 24, 2017
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ စက်တင်ဘာလ ၂၃ ရက် ည ၈ နာရီလောက်က ၂၂ ဘီးကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာမှ တဦးသေဆုံးခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၇/၄ အနီးမှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ အမည်မသိသူမောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့  တောင်ငူမြို့နေသူ ယာဉ်မောင်းဝင်းနိုင် မောင်းနှင်လာတဲ့  ၂၂ ဘီး အမျိုးအစားယာဉ်တို့ ကားလမ်းအလယ်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။ ဒုရဲမှူး ဇော်မိုးက “ကျနော်တို့ ညက ဖြစ်ဖြစ်ချင်း ရောက်သွားပါတယ်။ ဆိုင်ကယ်မောင်းသူကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ သေဆုံးသူကတော့ ဘယ်သူမှန်းမသိသေးပါဘူး။ ကျနော်တို့ စုံစမ်းနေပါတယ်။ ခုတော့ ဆေးရုံမှာပို့ထားပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ ၂၂ ဘီးယာဉ်နဲ့ ဆိုင်ကယ် တိုက်မိတဲ့အတွက် အမည်မသိဆိုင်ကယ်ယာဉ်မောင်းမှာ ဦးခေါင်း နောက်စေ့ကွဲဒဏ်ရာ၊ နားသွေးထွက်ဒဏ်ရာတို့နဲ့ အခင်းဖြစ်နေရာမှာပင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့မစခန်းမှ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တို့ကို အရှိန်ပြင်းစွာမောင်းနှင်ပြီး မျက်နှာချင်းဆိုင်တိုက်မိသေဆုံးသူ(အမည်မသိ) ဆိုင်ကယ်ယာဉ်မောင်း နဲ့ ၂၂ ဘီးယာဉ်မောင်းတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က)နဲ့ အမှုဖွင့်ထားရှိထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024