မိုးညှင်းမြို့တွင် အမျိုးသားတဦး ဓာတ်လိုက် သေဆုံး
DVB
·
September 24, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ရွာသစ်ကျေးရွာမှာ စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီက အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။
သတင်းအရ မိုးညှင်းမြို့မရဲစခန်း ဒုစခန်းမှူးနဲ့အဖွဲ့၊ ဆယ်မိုင် ကျေးရွာအုပ်ချုပ်ရေးမှုးနဲ့အဖွဲ့ ဟာ မိုးညှင်းပြည်သူ့ ဆေးရုံကို သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ စိုင်းဖိုးငယ်ဖြစ်ပြီး အိမ်မှာဝပ်ရှော့ လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဓာတ်လိုက်ထားလို့ ခန္ဓာကိုယ်ညိုမဲကာ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။
သေဆုံးသူရဲ့ ယောက်ဖဖြစ်သူ ဇော်မင်းဦး အားမေး မြန်းရာ ညနေ ၄ နာရီလောက်က သံပန်းတံခါးပြုလုပ်ဖို့ သံချောင်းတွေဖြတ်ရာကနေ ဓာတ်လိုက်ပြီး မေ့မြောသွားလို့ မိုးညှင်းဆေးရုံ ကိုပို့စဉ် ဆေးရုံ အရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မိုးညှင်းရဲစခန်းက ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ဖို့ သေမှုသေခင်း အမှတ်စဉ် ၂၆/၂၀၁၇ နဲ့ ဒုရဲအုပ်မင်းရာက အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း