မိုင် ၁၂၀၀ အထိ ပစ်ခတ်နိုင်သည့် ပဲထိန်းဒုံးကျည် အီရန်ပစ်လွှတ် (ရုပ်သံ)

အီရန်အစိုးရဟာ အကွာအဝေး မိုင် ၁၂၀၀ ကို ပစ်ခတ်နိုင်စွမ်းရှိတဲ့ ပဲ့ထိန်းဒုံးကျည် အသစ်တစီးကို အောင်အောင် မြင်မြင် ပစ်လွှတ်ခဲ့တယ်လို့ အစိုးရမီဒီယာက ဒီနေ့ ထုတ်ပြန်ပါတယ်။ ပစ်လွှတ်စမ်းသပ်တဲ့ အချိန်နဲ့နေရာကိုတော့ မဖော်ပြပါဘူး။ စက်တင်ဘာ ၂၂ ရက်နေ့ စစ်ရေးပြပွဲမှာ ခင်းကျင်းပြသခဲ့တဲ့ ဒုံးကျည်ကို ပစ်လွှတ်ခဲ့တာလို့လည်း ပြောပါတယ်။ ဒုံးကျည် ထိပ်ဖူး အတော်များများကို သယ်ဆောင် နိုင်တယ်လို့ အီရန်က ပြောထားတဲ့ ခိုရမ်ရှား ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဟာ အမေရိကန်အတွက် စိုးရိမ်စရာ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ အီရန်သမ္မတ ဟတ်ဆန်ရောင်ဟာနီက ဘယ်နိုင်ငံရဲ့ ခွင့်ပြုချက်ကိုမှ မတောင်းဘဲ အီရန်ရဲ့ ဒုံးကျည် အစီအစဉ်ကို အားဖြည့်မယ်လို့ စက်တင်ဘာ ၂၂ ရက်နေ့ စစ်ရေးပြပွဲ အတွင်း ပြောခဲ့ပါတယ်။

More News
Up