ပုန်းအင်းဒေသ ရှမ်းတိုင်းရင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ ပြုလုပ်
DVB
·
September 23, 2017
ရိုးရားဓလေ့ထိန်းသိမ်းဖို့နဲ့ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျစေဖို့ ရည်ရွယ်ပြီး စက်တင်ဘာ ၂၃ ရက်က တောင်ကြီးမြို့ ပုန်းအင်းဒေသ ရှမ်းတိုင်းရင်းသား ရိုးရာလှေလှော်ပြိုင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။
ပုန်းအင်းဒေသမှာ ရှမ်းတိုင်းရင်းသားအများစု နေထိုင်ကြသလို တိုင်းရင်းသားချင်း စည်းလုံးညီညွှတ်မှုရှိအောင် လှေလှော် ပြိုင်ပွဲ ပြုလုပ်တာလို့ ဦးဆောင်ပြုလုပ်သူတွေက ပြောပါတယ်။
ရှမ်းရိုးရာလှေလှော် ပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ အသက် ၁၂ အရွယ် မျိုးဆက်သစ် ဆိုပြီး အမျိုးမျိုး ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ မီတာ ၁၀၀ အကွာအဝေးကို လက်နဲ့ယှဉ်ပြိုင် လှော်တက်ကြတာဖြစ်ပါတယ်။
လှေလှော်ပြိုင်ပွဲမှာ ပုန်းအင်းဒေသ ကျေးရွာ ၂၅ ရွာက ပြိုင်ပွဲဝင် ၇၁ ဖွဲ့ နှစ်ရက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
လှေလှော် ပြိုင်ပွဲကို ရှမ်းစော်ဘွားလက်ထက်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပေမယ့် ပုန်းအင်းဒေသမှာတော့ အခုအကြိမ်နဲ့ဆို သုံးကြိမ်ရှိပြီဖြစ်ပါတယ်။
ခွန်ရာဇာ