မုန်တိုင်းကြောင့် မှောက်သွားသည့်လှေမှ မိသားစုကို ရဟတ်ယာဉ်ဖြင့် ကယ်တင် (ရုပ်သံ)

ဟာရီကိန်းမာရီယာ မုန်တိုင်းကြောင့် ပေါ်တူဂီကမ်းရိုးတန်းမှာ လှေတစင်းမှောက်သွားပြီး လှေပေါ်ပါတဲ့ ဒိုမီနီကန် မိခင်ဖြစ်သူနဲ့ ကလေး ၂ ဦးကို ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် ရဟတ်ယာဉ်နဲ့ ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကလေးတွေရဲ့ ဖခင်ဖြစ်သူကတော့ ဝမ်းနည်းဖွယ် သေဆုံးသွားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးရဟတ်ယာဉ်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံက မှောက်နေတဲ့လှေပေါ်မှာ အသက်ရှင်ကျန်ရစ်သူ ၃ ဦး တွေ့ရပြီး သူတို့တွေက သူတို့အသက်ရှင်နေတာ သတိပြုမိအောင် ခုန်ပြီး လက်တွေ ဝှေ့ယမ်းပြနေတာကို တွေ့ရပါတယ်။ ပေါ်တူဂီကမ်းရိုးတန်း ပေ ၂၀ အကွာမှာ လှေလုံးဝမှောက်သွားပြီး လှေအောက်မှာ ကလေးတွေရဲ့ ဖခင်ဖြစ်သူ ဗြိတိန်လူမျိုးကို သေဆုံးနေကြောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့က အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး ကရေဘီယမ်ကျွန်းတခုနားမှာ ကယ်ဆယ်ပေးခဲ့တာလို့ အမေရိကန် Coast Guard အဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ကယ်ဆယ်မှုအတွင်း ဗြိတိန်တော်ဝင် ရေတပ်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်သံထဲမှာ စက်တင်ဘာ ၂၁ ရက်နေ့ မနက် ၁၁ နာရီ ခွဲလောက်က လူ ၃ ဦးကို လုံခြုံရေးတပ်သားတွေက တကြိမ်တည်းနဲ့ ရဟတ်ယာဉ်ပေါ် ကယ်ဆယ်ခေါ်တင်သွားတာ တွေ့ရပါတယ်။ အမေရိကန် Coast Guard အဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၀ ရက်နေ့က Coast Guard အဖွဲ့ လှေတစီးရဲ့ အရေးပေါ်ရေဒီယို အချက်ပြမီးနဲ့ အကူအညီတောင်းခံတဲ့ ဖုန်းခေါ်ဆိုမှုတခု လက်ခံရရှိခဲ့ကြောင်း လှေက ရပ်သွားပြီး ကမ်းရိုးတန်းနဲ့ ပေ ၂၀ အကွာမှာ မျောနေကြောင်း ပြောခဲ့တာလို့ သိရပါတယ်။ လှေက အရေးပေါ်အခြေအနေနဲ့ အချက်ပြတာကို ကယ်ဆယ်ရေးတွေ သိပြီး အဲ့ဒီနောက် ဖုန်းလက်ခံရရှိပါတယ်။ ဒါပေမယ့် လှေကို ရှာမတွေ့ခင် အချိန်ခဏ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာလို့ ဆိုပါတယ်။ လေတိုက်နှုန်း တနာရီ ၁၁၅ မိုင်ဖြစ်နေတဲ့ အချိန် ပင်လယ်မျက်နှာပြင် အမြင့်မှာ လှေက ရပ်သွားခဲ့တာလို့ သည်ဆန်းဆန်တီနယ်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်သတင်းထုတ်ပြန်ချက်တခုက “လှေမာင်းသူ အမျိုးသားကတော့ မှောက်သွားတဲ့ လှေအတွင်း သေဆုံးသွားတယ်” လို့ အတည်ပြု ပြောထားပါတယ်။ အားပြင်းတဲ့ ဟာရီကိန်းမုန်တိုင်းက ဒိုမီနီကန်ရီးပက်ဘလစ်နိုင်ငံကို မွှေနှောက်ဖျက်ဆီးသွားခဲ့ပြီး ဝန်ကြီးချုပ်ရဲ့ အိမ်ခေါင်မိုး လန်တက်သွားကာ မြို့တွေအားလုံးကို ဖျက်ဆီးသွားတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up