Homeသတင်းဓာတ်ပုံ
ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရသည့် ဦးမိုးသီးဇွန်၏ တကိုယ်တော်ပန်ချီးပြပွဲ ရန်ကုန်တွင် ပြသ
ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရသည့် ဦးမိုးသီးဇွန်၏ တကိုယ်တော်ပန်ချီးပြပွဲ ရန်ကုန်တွင် ပြသ
DVB
·
September 23, 2017
ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရဆဲဖြစ်တဲ့ နိုင်ငံရေးသမား ဦးမိုးသီးဇွန်ရဲ့ တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြိုက ပန်းဆိုးတန်းပန်းချီပြခန်းမှာ စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်ထိ ပြသနေပါတယ်။
ပြပွဲမှာ ပန်းချီကားပေါင်း ၁၄ ကားပြသထားပြီးတော့ ၁၉၈၈ ခုနစ်ဝန်းကျင်က နိုင်ငံရေးအငွေ့သက်တွေ၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ပြည်တွင်းစစ်၊ လက်ရှိနိုင်ငံရေး ပုံရိပ် စတာတွေကို ပန်းချီကားတချပ်ချင်းစီမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ရေးဆွဲထားတယ်လို့ ဦးမိုးသီးဇွန်က ပြောပါတယ်။
ဒီပွဲကိုတော့ ရန်ကုန်မှာရှိတဲ့ သူရဲ့ သူငယ်ချင်းမိတ်ဆွေတွေက ဦးဆောင်ပြီး ခင်းကျင်းပြသနေတာဖြစ်ပါတယ်။