Home
မြန်မာသတင်း
မြန်မာဓာတ်ပုံသတင်းထောက်ကို ၂ ဦး အာမခံဖြင့် ဘင်္ဂလားဒေ့ရှ် ပြန်လွှတ်
DVB
·
September 23, 2017
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ  ဖမ်းဆီးထားတဲ့ မြန်မာဓာတ်ပုံသတင်းထောက် ၂ ယောက်ကို စက်တင်ဘာလ ၂၂ ရက် သောကြာနေ့က တရားရုံးအာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဓာတ်ပုံသတင်းထောက်တွေဖြစ်တဲ့ မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ဟာ ဂျာမန် အခြေစိုက် GEO မဂ္ဂဇင်းအတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဒုက္ခသည်တွေ အကြောင်းကို သွားရောက်ရိုက်ကူးရင်း ဒီလအစောပိုင်းက ကော့ဘဇားမှာဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ အာမခံနဲ့ လွတ်သွားပါပြီလို့ အမည်မဖော်လိုသူ ရဲအရာရှိတယောက်က ပြောကြောင်း အေအက်ဖ်ပီသတင်းမှာ ဖြော်ပထားပါတယ်။ ဒီ ၂ ယောက်ကို ကောက်ခ်စ်ဘဇားခရိုင်က တရားရေးဆိုင်ရာ ရာဇဝတ် တရားသူကြီးက အာမခံပေးလိုက်တာလို့ အဖမ်းခံရသူ ၂ ယောက်ရဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျိုတီယာမွိုင် ဘာရူအာက အတည်ပြု ပြောဆိုပါတယ်။ သူတို့ ၂ ဦးကို မြန်မာပြည်ပြန်ဖို့ ခွင့်ပြုမှာလား ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ သူတို့ ၂ ဦးဟာ နိုင်ငံထဲဝင်ရောက်ဖို့ သတင်းထောက်ဗီဇာအစား ခရီးသွားဗီဇာကို သုံးစွဲခဲ့တာကြောင့် အယောင်ဆောင်မှု၊ အချက်အလက်အမှားတွေ ပေးမှုတို့နဲ့ ဖမ်းဆီးခံခဲ့ရတာလို့ ရှေ့နေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024