ပခုက္ကူမြို့ရှိ စားသုံးဆီအရောင်းဆိုင်များကို ရှောင်တခင်စစ်ဆေး-(သတင်းဓာတ်ပုံ)
မြင့်နိုင်
·
September 22, 2017
ပခုက္ကူမြို့ရှိ စားသုံးဆီအရောင်းဆိုင်တွေနဲ့ ပခုက္ကူစက်မှုဇုန်တွေမှ စားသုံးဆီထုတ်လုပ်တဲ့ စက်ရုံတွေကို နေပြည်တော် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန FDA က စက်တင်ဘာလ ၂၁ရက်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
ပခုက္ကူခရိုင် FDAနဲ့ စားသုံးသူရေးရာ ဦးစီးဌာန DOCA တို့ပူးပေါင်းပြီး ရွေ့လျား ဓာတ်ခွဲခန်းနဲ့ ပခုက္ကူမြို့အတွင်း ရောင်းချနေတဲ့ စားသုံးဆီ အရောင်းဆိုင်တွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။
စားဆီနဲ့ပတ်သက်လို့ အစားအသောက် ကွင်းဆက်တလျှောက်လုံး ဆီထွက်သီးနှံရဲ့ စိုက်ခင်းထဲက စလို့ နောက်ဆုံး ဆီဖြစ်သွားတဲ့အထိ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ အရည်အသွေး ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာက ကွင်းဆင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။