Home
မြန်မာသတင်း
သတင်းမီဒီယာဥပဒေ ပြင်ဆင်ရန်အကြံပြုချက်များ ပြန်ကြားရေးကို ပေးပို့မည်
ပြည့်ဘုန်းအောင်
·
September 22, 2017
သတင်းမီဒီယာဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ဖို့ အကြံပြုချက်တွေကို ပြန်ကြားရေး ၀န်ကြီးဌာနကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက လပိုင်းအတွင်း ပေးပို့သွားမယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးမြင့်ကျော်က ပြောပါတယ်။ “မီဒီယာလောကို ပြင်ဖို့အတွက် ကျနော်တို့ မီဒီယာကောင်စီအနေနဲ့ တနိုင်ငံလုံးအနေနဲ့ ဆွေးနွေးပွဲ ၃ ကြိမ်လုပ်ခဲ့ပြီးပါပြီ။ မော်လမြိုင်၊ မန္တလေး၊ ရန်ကုန်မှာရယ် အဲဒီဆွေးနွေးပွဲက ရလာတဲ့ အချက်အလက်တွေကို မကြာခင်မှာ ပြန်ကြားရေးဝန်ကြီးဌာနကို ပေးပို့သွားမယ်။ ကျနော်တို့ ပေးပို့တဲ့ အချက်အလက်အားလုံးကို သူတို့ ထည့်မယ်လို့တော့ မယူဆပါဘူး။ သူတို့လည်း ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီး ပြင်ဆင်ဖို့ ဥပဒေမူကြမ်းကို ဥပဒေကြမ်းကော်မတီကို ပေးပို့သွားမှာပေါ့။ ကျနော်တို့ရဲ့ အကြုံပြုချက်တွေကိုတော့ ဒီလပိုင်းထဲမှာပဲ ပေးပို့သွားမှာပါ” လို့ ဦးမြင့်ကျော်က ပြေပါတယ်။ လက်ရှိပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ သတင်းမီဒီယာဥပဒေကို ပြီးခဲ့တဲ့ အစိုးရလက်ထက်က ပြဋ္ဌာန်းထားခဲ့တာပါ။မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာသမားတွေကို တိုင်ကြားခဲ့တဲ့ အမှုပေါင်း ၂၀၀ ကျော်ရှိတဲ့အထဲကမှ အမှု ၉၀ ကျော်ကို ဖြေရှင်းပေးခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024