ချက်သမ္မတနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ချစ်ကြည်ရေးခရီးသွားမည်

လာမယ့် အောက်တိုဘာလ ဒုတိယအပတ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်မယ်လို့ Prague Daily Monitor သတင်းစာက ဖော်ပြပါတယ်။ ချက်နိုင်ငံခြားရေးဝန်ကြီး Lubomir Zaoralek ရဲ့ ဖိတ်ကြားမှုအရ အလည်အပတ် သွားရောက်မှာဖြစ်ပြီး သမ္မတ Milos Zeman၊ ၀န်ကြီးချုပ် Bohuslav Sobotka တို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ ချက်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချစ်ကြည်ရေးခရီးစဉ်ကို ပြင်ဆင်ဆောင်ရွက်နေပြီး ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Milan Stech နဲ့ တွေ့ဆုံဖို့ အောက်တိုဘာ ၁၁ ရက်နေ့ကို သတ်မှတ်ထားကြောင်း ဆီးနိတ်လွှတ်တော်ရုံးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်ကလည်း ချက်သမ္မတနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up