ကြံ့ခိုင်ရေးပါတီက အမျိုးသားလုံခြုံရေး ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 21, 2017
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမျိုးသားလုံခြုံရေး ခြိမ်းခြောက်လာတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ မြို့နယ် ကြံ့ခိုင်ရေးရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးဝေလွင်နဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်တို့က ဆွေးနွေးခဲ့ကျပြီး ပါတီဝင် အင်အား ၁၅၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။