Home
မြန်မာသတင်း
အမေရိကန်သံရုံးရှေ့ ဆန္ဒပြသူများကို စက်တင်ဘာ ၂၈ ရက်နေ့ အပြီးသတ်အမိန့်ချမည်
ရန်နိုင်ဇော်ဝင်း
·
September 21, 2017
အမေရိကန်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် အမျိုးသားရေးလှုပ်ရှားသူလို့ နာမည်ခံထားတဲ့ ဝင်းကိုကိုလတ်၊ နောင်တော်လေး၊ သက်မျိုးဦးနဲ့ နေဝင်းအောင်တို့ကို လာမယ့်စက်တင်ဘာ ၂၈ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ ကမာရွတ်မြို့နယ် တရားသူကြီးက ဒီနေ့ ပြောပါတယ်။ သူတို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ကမာရွတ်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ သံဃာတော်သုံးပါးကို တရားရုံးက ဆင့်ခေါ်စာ အကြိမ်ကြိမ် ပေးပို့ခဲ့ပေမယ့် လာရောက်တာ မရှိသေးလို့ ဆရာတော်တွေကို အထွေထွေအမှုဖွင့်ပြီး ဝင်းကိုကိုလတ် အပါအဝင် ၄ ဦးကိုပဲ အမိန့်ချမှာ ဖြစ်ပါတယ်။ ဝင်းကိုကိုလတ် အပါအဝင် တရားစွဲဆိုခံထားရသူတွေကို ကမာရွတ်မြို့နယ် တရားသူကြီးက တရားခံပြသက်သေတွေ တင်သွင်းမလား ကိုယ်တိုင် လျှောက်လဲချက်ပေးမလားလို့ မေးမြန်းခဲ့ပေမယ့် မတင်သွင်းတော့တဲ့အတွက် အမှုနှစ်မှုပေါင်းပြီး စက်တင်ဘာ ၂၈ ရက်နေ့မှာ အမိန့်ချသွားမှာပါ။ ရခိုင်ပြည်နယ်မှာ စက်လှေမှောက်ပြီး သေဆုံးသူတွေကို ရိုဟင်ဂျာလို့ သုံးနှုန်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သံရုံးကို သံဃာတော်အချို့နဲ့ အမျိုးသားရေးလှုပ်ရှားသူလို့ နာမည်ခံထားသူ ၂၀၀ ကျော်က ၂၀၁၆ ဧပြီ ၂၈ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ရှေ့က စတင်ပြီး အမေရိကန်သံရုံးရှေ့အထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့တဲ့အတွက် ဦးဆောင်ဆန္ဒပြသူတွေကို ပုဒ်မနှစ်ခုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024