Home
မြန်မာသတင်း
ကသာမြို့နယ်တွင် ကျပ်သိန်း ၇၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
September 21, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ လမ်းခွကျေးရွာ မီးရထား သံလမ်းကူးနားမှာ ကာလတန်ဖိုး ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ဒုရဲမှူးမြင့်နိုင်ဦးက ပြောပါတယ်။ စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်ရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေဟာ ကသာ-အင်းတော်သွား ကားလမ်း လမ်းခွကျေးရွာ မီးရထားသံလမ်းကူးနားမှာ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ကသာမြို့ဘက်ကနေ အင်းတော်မြို့ဘက်ကို ဝင်းအောင်(ခ)ထွေးအောင် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားရှိ မိုးကာအင်္ကျီနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ ရောင်စုံဆပ်ပြာခွက်ထဲက ဘိန်းဖြူအလေးချိန် ၁၁ ဂရမ်ခန့်ပါ ၅ ခွက်၊ ၅၅ ဂရမ် ကာလတန်ဖိုး ၅၅ သိန်း၊ ကော်ဖီမစ်ထုပ်အိတ်ခွံထဲက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၉၉ ပြားစီပါ ၂ ထုပ်၊ စုစုပေါင်းဆေးပြား ၃၉၈ ပြား စုစုပေါင်း တန်ဖိုး ၇၄၉၀၀၀၀ ကျပ် ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။ အင်းတော်မြို့နယ် နားရခေါင်ရွာ နေတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ဝင်းအောင်(ခ)ထွေးအောင် (၄၇-နှစ်) ကို ကသာမြို့မရဲစခန်းက မယ(ပ)၄၀/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024