ဘတ်ရှူးအာယီ ဟက်ထရစ်သွင်းပြီး ချဲလ်ဆီးက နော်တင်ဟမ်ဖောရက်စ်ကို ၅ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံ)

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီးနဲ့ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်တို့ မနေ့ညကယှဉ်ပြိုင်တဲ့ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်မှာ ချဲလ်ဆီးက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲစဉ်မှာ ဒဏ်ရာကြောင့် နားနေရတဲ့ ဟာဇက်ကို ပထမဆုံးအကြိမ် ပွဲထွက်အသုံးပြုသွားခဲ့ပါတယ်။ တိုက်စစ်မှူး မိုရာတာကို အရန်ခုံမှာထားပြီး ဘတ်ရှူးအာယီကို ဟာဇက်နဲ့ တွဲခဲ့ကာ ဘာကာယိုကို၊ ဖာဘရီဂတ်စ်၊ ဇက်ပါကော်စတာ၊ ကာဟေး၊ ရူဒီဂါတို့ကို အရန်ကစားသမားတချို့နဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်းပဲ ရှိခဲ့တာပါ။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၃ မိနစ်မှာ ကန်နက်ဒီ၊ ၁၉၊ ၅၃ နဲ့ ၈၆ မိနစ်တွေမှာ တိုက်စစ်မှူး ဘတ်ရှူးအာယီက ဟက်ထရစ်၊ မိနစ် ၄၀ မှာ မူဆန်ဒါတို့က သွင်းယူပေးခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ချဲလ်ဆီးအသင်းဟာ လိဂ်ဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားပြီး အဲဗာတန်အသင်းနဲ့ လာမယ့် အောက်တိုဘာလကုန်ပိုင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up