Home
မြန်မာသတင်း
ဗြိတိန်နိုင်ငံက  မြန်မာတပ်မတော်သင်တန်းသား အရာရှိ ၅ ဦးကို ပြန်လည်စေလွှတ်
DVB
·
September 21, 2017
သင်တန်းတက်ရောက်နေတဲ့  မြန်မာ တပ်မတော်သင်တန်းသား အရာရှိတွေကို ပြန်လည်စေလွှတ်ခဲ့တဲ့အတွက်  ဗြိတိန်နိုင်ငံကို  သင်တန်းသားတွေ ထပ်မံစေလွှတ်တော့မှာ မဟုတ်ဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သဘောထားထုတ်ပြန်ပါတယ်။ မြန်မာ-ဗြိတိန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး လုပ်ဆောင်ခဲ့ရာ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ၅ ဦး ဗြိတိန်နိုင်ငံမှာ သင်တန်းတွေ တက်ရောက်နေတာပါ။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ပါလီမန် အမတ်တွေက ဗြိတိန်နိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ မြန်မာ့ တပ်မတော်သင်တန်းသားတွေကို သင်တန်းဆိုင်းငံ့ပေးဖို့ တောင်းဆိုမှုအရ သင်တန်းသား အရာရှိတွေကို  မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့မှာ လန်ဒန်မြို့ရှိ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးမှာ သင်တန်းသားအားလုံး စုစည်းရောက်ရှိခဲ့ပြီး တပ်မတော်အနေနဲ့ ယင်းသင်တန်းသားတွေကို မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ခေါ်ယူသွားမယ်လို့ မနေ့က တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024