Home
မြန်မာသတင်း
လုံခြုံရေးကိစ္စ ထပ်မံအမှားအယွင်းမခံနိုင်ဟု စစ်တွေမြို့ရောက်ဗိုလ်ချုပ်မှူးကြီးပြောကြား
DVB
·
September 20, 2017
  သတင်းလက်ဦးမှုရရှိရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေ ထပ်မံအမှားအယွင်းမခံနိုင်တာကြောင့် တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြပ်မတ်ဆောင်ရွက်ဖို့နဲ့ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးကို ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့အဖွဲ့က စက်တင်ဘာ ၁၉ ရက်က စစ်တွေမြို့ကို ရောက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို စစ်ဆေးစဉ်မှာ ပြောကြားခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ နယ်စပ်ဒေသခြံစည်းရိုးတွေ ခိုင်ခံ့လုံခြုံမှုရှိရေး၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ဒေသခံတိုင်းရင်းသားတွေအားလုံးကို လူသားချင်းစာနာထောက်ထားမှုကူညီရေး၊ တိုင်းရင်းသားတွေရဲ့လုံခြုံရေးကိုအပြည့်အ၀ ဆောင်ရွက်ပေးရေး၊ လုံခြုံရေးဆောင်ရွက်ရာမှာ လုံလောက်သောအင်အားနဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ အညီ လိုက်နာလုပ်ဆောင်ရေး၊ ဒေသအတွင်းနေထိုင်သူတွေကို  NVC ကတ်တွေထုတ်ပေပြီး နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်တွေ ကို ဆက်လက်လုပ်ဆောင်သွားဖို့ ကိစ္စတွေ မှာကြားခဲ့တယ်လို့လည်းဆိုပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024