မြန်မာဝတ္ထုတို ရာပြည့် ရက်သတ္တပတ်ပွဲတော် ကျင်းပမည်
သူဇာလင်း
·
September 20, 2017
မြန်မာဝတ္ထုတို ရာပြည့် ရက်သတ္တပတ်ပွဲတော်ကို Yangon Book Plaza မှာ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၇ ရက်နေ့အထိ တပတ်ကြာ ကျင်းပသွားဖို့ ရှိပါတယ်။
ဝတ္ထုတိုရာပြည့်ပွဲတော်ကို စိတ်ကူးချိုချိုစာအုပ်တိုက်က ဦးဆောင်ပြီး ပဲန်မြန်မာ မြန်မာနိုင်ငံ စာရေးဆရာများကလပ်၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း စတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ စာရေးဆရာ၊ ကဗျာဆရာတွေက ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။
စာရေးဆရာ ရွှေဥဒေါင်းရဲ့ မောင်သိန်းတင်နှင့် မသိန်းရှင် ဝတ္ထုတိုကို စတင်ဖော်ပြခဲ့တဲ့ ၁၉၁၇ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ နှစ် ၁၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။
ရာပြည့်ပွဲတော် ကာလအတွင်းမှာ စာရေးဆရာတွေရဲ့ စာအုပ်တွေ ၃၀ ရာခိုင်နှုန်း လျှော့ချပြီး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။