Home
မြန်မာသတင်း
အရက်၊ ဘီယာနှင့်စီးကရက်များ တရားမဝင်ရောင်းချမှုမရှိအောင် ရှောင်တခင်စစ်ဆေးမည်
DVB
·
September 20, 2017
  မြန်မာပြည်တွင်းမှာရောင်းချနေတဲ့ အရက်၊ ဘီယာ၊ ဝိုင်နဲ့ စီးကရက်ဘူးတွေမှာ အခွန်အမှတ်တံဆိပ်မပါဘဲ တရားမဝင်ရောင်းချတာတွေမရှိအောင် ရှောင်တခင်စစ်ဆေး သွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကပြောပါတယ်။ အရက်၊ ဘီယာ၊ ဝိုင်နဲ့ စီးကရက်ဘူးတွေ ရောင်းချနေတဲ့ ဆိုင်တွေ၊စတိုးဆိုင်တွေအနေနဲ့ အခွန်တံဆိပ် မကပ်ဘဲရောင်းချတာ မလုပ်ဖို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက စက်တင်ဘာ ၁၈ရက်ကထုတ်ပြန်ခဲ့တာပါ။ အခွန်တံဆိပ်ခေါင်းမကပ်ဘဲ ရောင်းချတာတွေမရှိအောင် ရှောင်တခင်ဝင် ရောက်စစ်ဆေးမယ်၊ နိုင်ငံခြားက အရက်၊ဘီယာတွေကို တရားဝင် တင်သွင်းခွင့်ပြုမထားဘဲ တရားမဝင် ရောင်းချတာတွေကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေဆောင်ရမယ့်အပြင် ပြည်သူပိုင် အဖြစ်သိမ်းဆည်းခံသွားမယ်လို့  ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောပါတယ်။ လက်ရှိဖွင့်လှစ်ထားတဲ့စတိုးဆိုင်တွေအနေနဲ့ အရက်၊ဘီယာ၊ဝိုင်နဲ့စီးကရက်ဘူးတွေကို အခွန်ဆောင်ပြီးမှရောင်းချခွင့်ပြုထားတာဖြစ်ပြီး အရက်၊ဘီယာနဲ့ဝိုင်တွေကို ည ၉နာရီအထိ သာရောင်းချခွင့်ပြုထားတယ်လို့ City Express ဆိုင်က ဒေါ်စပယ်ထွန်းကပြောပါတယ်။ အရက်၊ဘီယာ၊ဝိုင်နဲ့ စီးကရက်ဘူးတွေကို အကောက်ခွန်ဥပဒေအရ အစိုးရက နှစ်စဉ်အခွန်ကောက်နေပြီး ဘီယာမျိုးစုံအတွက် အခွန် ၆၀ရာခိုင်နှုန်းနဲ့ အရက်မျိုးစုံကိုတော့ ရောင်းချတဲ့ ဈေးနှုန်းအလိုက် အခွန်တိုးမြှင့်ကောက်ခံပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024