Home
မြန်မာသတင်း
နေပြည်တော်မှာ အန်အယ်လ်ဒီထောက်ခံသူ မီးမရ
ရွှေအောင်
·
March 22, 2012
နေပြည်တော်တိုင်း မှာ အန်အယ်လ်ဒီ ဆိုင်းဘုတ်ထောင်ထားတဲ့ အိမ်ပိုင်ရှင်ကို လျှပ်စစ်မီးမပေးဘဲ ချန်လှပ် ထားတယ်လို့ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက ပြောပါတယ်။ “နေပြည်တော်တိုင်းက ပုဗ္ဗသီရိမြို့နယ် မှာ အောင်ချမ်းသာ ရပ်ကွက်ပါ။ အဲဒီနေရာက ငွေ ၂ သိန်းခွဲပေးရင် လျှပ်စစ်မီးရတယ်။ တရပ်ကွက်လုံး ရတယ်။ ဦးကြည်ဆိုတဲ့ လူတယောက်က မရဘူး။ ဘာကြောင့်မရလဲ ဆိုတော့ သူ့အိမ်မှာ အန်အယ်လ်ဒီ ဆိုင်းဘုတ် ရှိနေ တယ်။ နေပြည်တော် ကောင်စီဝင် တဦးရဲ့ အမိန့်အရ မပေးတာလို့ ရာအိမ်မှူးတွေ က ပြောတယ်" လို့  ပြောပါတယ်။ သည်တွေ့ ရှိချက်ကို မတ်လ ၂၂ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ထဲမှာ ထည့်သွင်းထားတယ် လို့  သူက ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ၁ ပတ်၊ ၁၀ ရက်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ပါတီက တွေ့ရှိ ထားချက်တွေကို အများပြည်သူသိအောင် ဆက်လက် ထုတ်ပြန်ပေး သွားမယ်လို့ သူက ပြောပါတယ်။ မတ် ၁၆ရက်မှာ မဲစာရင်းတွေ ကွာဟနေတဲ့ အကြောင်းနဲ့ မတ် ၁၉ရက် မှာ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်တဲ့ ကိစ္စရပ်တွေ အကြောင်း အန်အယ်လ်ဒီ အောင်နိုင်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024