မက္ကဆီကိုနိုင်ငံတွင် အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၄၀ ကျော် သေဆုံး (ရုပ်သံ)
Published By
DVB | 20 September, 2017
2.8K
0
Share
0
Comment
0
Likes
မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကစီကိုစီးတီးမြို့အနီးမှာ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက အင်အားပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၄၀ ကျော် သေဆုံးခဲ့တယ်လို့ နယူးယောက်တိုင်း သတင်းအရ သိရပါတယ်။
ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီကျော်ကျော်လောက်က မြို့တော် မက္ကဆီကိုစီးတီးကနေ မိုင် ၁၀၀ လောက်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၁ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာပါ။
ငလျင်ဗဟိုချက်နဲ့ အနီးဆုံး မိုရဲလော့စ်ပြည်နယ်မှာ သေဆုံးထိခိုက်မှု အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက် ဒီ့ထက်ထပ်တိုးလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ကြောင့် အိုးအိမ်အဆောက်အဦတွေ အများအပြား ပြိုကျပျက်ဆီးခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။