သမ္မတဦးထင်ကျော် ထိုင်းနိုင်ငံတွင် ခွဲစိတ်ကုသမှုခံယူပြီး နေပြည်တော် ပြန်ရောက်ရှိ
DVB
·
September 20, 2017
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက နေပြည်တော်ကို ပြန်လည်ရောက်ရှိလာတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။
သမ္မတ ဦးထင်ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကတည်းက ကျန်းမာရေးဆေးစစ်မှုတွေ ခံယူဖို့အတွက် ဘန်ကောက်မြို့သို့ သွားရောက်ခဲ့တာဖြစ်ပြီး အူလမ်းကြောင်းမှာ (Colonic Polyp) တွေ့ရှိလို့ ခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ။
စက်တင်ဘာ ၁၀ ရက်နေ့မှာ ခွဲစိတ်ကု သမှုတွေ ဆောင်ရွက်ခဲ့ရာမှာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-MOI