Live
Home
မြန်မာသတင်း
မောတောင်မြို့တွင် ပရိဘောဂအလုပ်ရုံ မီးလောင်မှု ဖြစ်ပွား
DVB
·
September 19, 2017
တနင်္သာရီမြို့နယ်၊ မောတောင်မြို့မှာ စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က ပရိဘောဂအလုပ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့  မောတောင်ရဲစခန်းက သိရပါတယ်။ မောတောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ စိန်ပန်းနီလမ်းရှိ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက် ပရိဘောဂအလုပ်ရုံဝင်းအတွင်းရှိ ဂိုဒေါင်အမှတ် (၁) မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ "ဂိုဒေါင်စောင့် အလုပ်သမား ဇော်နိုင်(၃၄-နှစ်) ဆေးလိပ်မီးပေါ့ဆမှုကြောင့် ဂိုဒေါင်နားက လွှစာမှုန့်ပုံပေါ်ကို မီးပွားကျပြီး စတင်လောင်ပါတယ်။ ဒီကတဆင့် ဘေးမှာ နေကာထားတဲ့ အစိမ်းပိုင်းကို မီးစွဲလောင်ပြီး အထဲက အလျား ၅ ပေခွဲ၊ အနံ ၁ ပေခွဲရှိတဲ့ ခုံတန်းရှည် အလုံး ၄၀ နဲ့ (4' × 2') အုတ်ကြွတ်ပြား အပြား၂၀ ဆုံးရှုံးသွားတယ်"လို့ မောတောင်စခန်းမှူး ရဲအုပ်အေးနိုင်က ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ် မောတောင်မြို့မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး စိုးမိုးအောင်နဲ့အဖွဲ့၊ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၁ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆသူ ဇော်နိုင် (၃၄-နှစ်)ကို မောတောင်ရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024