အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ် ၅ ခု ရရှိထား

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၆ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်က စတင်ယှဉ်ပြိုင်နေတာပါ။ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ၅ ခုကို ရေကူးပြိုင်ပွဲတွေကနေ ရယူထားတာဖြစ်ပြီး ငွေတံဆိပ်ဆုတွေကိုလည်း ရေကူးနဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေကနေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ မသန်စွမ်းအားကစားအဖွဲ့ဟာ ထည့်သွင်းကျင်းပတဲ့ အားကစားနည်း ၁၆ မျိုးထဲကနေ ရေကူး၊ ပြေးခုန်ပစ်၊ ဘောလုံး၊ စစ်တုရင်၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ GoalBall၊ PowerLifting ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲမှာ အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံက ကစားသမား ၁၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေပြီး စက်တင်ဘာ ၂၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ ရက်အထိ အင်ဒိုနီးရှားက ရွှေတံဆိပ် ၃၀ ရရှိကာ အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး အိမ်ရှင် မလေးရှားက ရွှေ ၂၅ ခုနဲ့ အဆင့် ၂၊ ဗီယက်နမ်က ရွှေတံဆိပ် ၁၃ ခုနဲ့ အဆင့် ၃၊ ထိုင်းက ရွှေတံဆိပ် ၁၁ ခုနဲ့ အဆင့် ၄၊ မြန်မာက ရွှေတံဆိပ် ၅ ခုနဲ့ အဆင့် ၅ နေရာတွေမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up