နယူးယော့ခ်တွင် ဘတ်စ်ကားနှစ်စီးတိုက်မိ၊ လူ ၃ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရဲ့ ကွင်းစ်နယ်မြေမှာ စက်တင်ဘာ ၁၈ ရက်နေ့က မြို့တွင်းပြေးဆွဲတဲ့ ဘတ်စ်ကားနဲ့ ကမ္ဘာလှည့်ခရီးသွားတွေပါတဲ့ ဘတ်စ်ကားတစီးတို့ တိုက်မိကြပြီး ၃ ဦး သေဆုံးကာ အနည်းဆုံး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကား ၂ စီး တိုက်မိပြီးနောက် မနက် ၁၀ နာရီလောက်မှာ အပျက်အစီးတွေကြားထဲက ခရီးသည်တွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ဆွဲထုတ်ပေးခဲ့ရတယ်လို့ နယူးယော့ခ်မီးသတ်ဌာနက ပြောပါတယ်။ ခရီးသွားဘတ်စ်ကားမောင်းသူနဲ့ ယာဉ်ပေါ်ပါ ခရီးသည်တဦးအပြင် ကားပိမိတဲ့ လမ်းဘေးက ဖြတ်သွားဖြတ်လာတဦးတို့ သေဆုံးခဲ့ကြတာပါ။ အဲဒီဘတ်စ်ကားပေါ်မှာ ပါလာတဲ့ လူအရေအတွက် အတိအကျကို ဘတ်စ်ကားငှားရမ်းတဲ့ ကုမ္ပဏီက ထုတ်ပြန်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ သတ်မှတ်အရှိန်ထက် ကျော်မောင်းလို့ တိုက်မိတာဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆကြပြီး အကြောင်းရင်းမှန်ကို ဆက်လက်စုံစမ်းနေကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up