အရက်မူးပြီး ကားတိုက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ရွန်နီ တရားရုံးတွင် အယူခံဝင်

ဓာတ်ပုံ - Getty
အင်္ဂလန်အသင်းနဲ့ မန်ယူကစားသမားဟောင်း ဝိန်းရွန်နီဟာ အရက်မူးပြီး ကားတိုက်မှုနဲ့ တရားစွဲဆိုခံထားခဲ့ရပြီး စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ အယူခံဝင်ဖို့ တရားရုံးကို ရောက်ရှိလာခဲ့ပါတယ်။ လက်ရှိ အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူးတဦးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်က ယာဉ်တိုက်မှု ကျူးလွန်ခဲ့တာပါ။ ရွန်နီမောင်းနှင်ခဲ့တဲ့ ကားဟာ သူ့ရဲ့ အမျိုးသမီးမိတ်ဆွေ လော်ရာဆင်မ်ရဲ့ ဗောက်စ်ဝက်ဂန်ဘီတယ်ကားဖြစ်ပြီး အရက်မူး ကားမောင်းခဲ့မှုနဲ့ ဖမ်းဆီးခံရချိန်မှာ သူက ခရီးသည်ခုံမှာ ထိုင်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရပြီး အချိန်အနည်းငယ်အကြာမှာပဲ သူ့ကို ပြန်လွှတ်ပေးခဲ့ပြီး ဒီကနေ့မှာ ပြန်လည်ချိန်းဆိုလိုက်တာ ဖြစ်ပါတယ်။ ရွန်နီဟာ ဇနီးဖြစ်သူ ကောလင်းနဲ့လည်း အိမ်ထောင်ရေးပြဿနာတွေ ရင်ဆိုင်နေရတာမို့ ပရိသတ်တွေက သူလက်ထပ်လက်စွပ် ဝတ်လာမလား၊ ဝတ်မလာဘူးလားဆိုတာကို သိချင်နေကြတာပါ။ သူဟာ အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်လာခဲ့ပြီး ရဲတွေခြံရံကာ တရားရုံးထဲ သတင်းထောက်တွေကို ဖြတ်ပြီး ဝင်ရောက်လာခဲ့တဲ့ သတင်းဓာတ်ပုံတွေထဲ လက်စွပ်ကို ဝတ်ဆင်လျက်သား တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူ ကောလင်းကတော့ ခုနောက်ထပ်လွယ်ထားရတဲ့ ကိုယ်ဝန်နဲ့ မွေးလာတဲ့ ကလေးဟာ သူနဲ့ရတာမဟုတ်ဘူးလို့ ကြေညာထားခဲ့တာပါ။ တရားရုံးပြင်ပမှာ ဝိုင်းအုံနေကြတဲ့ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်တွေကိုလည်း ရွန်နီက ဘာထင်မြင်ချက်မှ မပေးခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up