Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 18, 2017
မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၇၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ၁ တန်ကို ၆,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၄၃၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်) ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၇၂၅ ကျပ်ကနေ ငွေကျပ် ၁,၇၅၀ ရှိပါတယ်။ အာလူး အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၂၀ ကျပ်ကနေ ငွေကျပ် ၆၈၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲပုတ်(ဗမာ) မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ငွေကျပ် ၉၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နှမ်းဖြူ နှမ်းဖြူကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁၀၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၅,၀၀၀ ပေါက်ဈေး ရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ နှမ်းညို နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ၈၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၁,၀၀၀ ပေါက်ဈေးရှိပါတယ်။ စီပီပြောင်း လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၆၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၄၉၀ ကျပ်ကနေ ငွေကျပ် ၅၂၀ ပေါက်ဈေးရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။   သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024