ဂျပန်နှင့် အမေရိကန်တပ်ဖွဲ့များ ပူးပေါင်းပြီး မြို့ပြစစ်ဆင်ရေးနှင့် ကယ်ဆယ်ရေး လေ့ကျင့်

ဓာတ်ပုံ - ရိုက်တာ
3K
ဖူဂျီတောင်ခြေနားမှာ စက်တင်ဘာ ၁၈ ရက်နေ့က ဂျပန်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့နဲ့ အမေရိကန်သံချပ်ကာတပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့ပြစစ်ဆင်ရေးနဲ့ ကယ်ဆယ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။
အဲဒီလေ့ကျင့်ခန်းဟာ နှစ်စဉ် ပူးတွဲလေ့ကျင့်နေကြ ၂ ပတ်ကြာ စစ်ရေးလေ့ကျင့်ခန်းရဲ့ တစိတ်တပိုင်းဖြစ်ပြီး စစ်သား ၁၂၀၀ လောက် ပါဝင်လေ့ကျင့်နေကြပါတယ်။
အိုရီးယန့်ရှီးလ်ဒ် (Orient Shield) ၁၇ လို့ နာမည်ပေးထားတဲ့ အခုလေ့ကျင့်ခန်းမှာ အမေရိကန်တပ်နဲ့ ဂျပန်တပ်တို့က မြို့တခုပုံစံ တည်ဆောက်ထားတဲ့ လေ့ကျင့်ကွင်းမှာ အဆောက်အဦတွေကို စောင့်ကြည့် ရှင်းလင်းရေးလုပ်တဲ့ လေ့ကျင့်ခန်းတွေကို တလှည့်စီ ဆောင်ရွက်ခဲ့ကြပြီး ရှေ့တန်းစစ်မျက်နှာ ကယ်ဆယ်ရေး လေ့ကျင့်ခန်းတွေကိုလည်း ပူးတွဲဆောင်ရွက်ခဲ့ကြပါတယ်။
အခုပူးတွဲလေ့ကျင့်ခန်းကို စက်တင်ဘာ ၈ ရက်နေ့မှာ စတင်ခဲ့ပြီး ၂၅ ရက်နေ့အထိ လေ့ကျင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။