Home
မြန်မာသတင်း
မြိတ်တွင် သိန်း ၂၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးကွင်းဆက်တရားခံ ဖမ်းမိ
DVB
·
September 18, 2017
မြိတ်မှာ သိန်း ၂၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးရောင်းဝယ်သူ ကွင်းဆက်တရားခံ ဝင်းဝင်းမော် ကို ၄၈ နာရီအတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိကြောင်း သိရပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က မြိတ်မြို့နယ်၊ ပရည်တောင်ကျေးရွာ အောင်မင်းဦးရဲ့ နေအိမ်မှာ ရှာဖွေရာ မဝေမာလွင်ကို  WY စိတ်ကြွဆေး ၄၃၀၅၈ ပြားနဲ့ ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါး အတူရောင်းဝယ်နေတဲ့ မောင်ဖြစ်သူ အောင်မင်းဦးကတော့ ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ အောင်မင်းဦးကို မြိတ်မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံစုံစမ်းရာက ဂေါက်ကွင်းလမ်းဆုံမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းမိတဲ့ အောင်မင်းဦးရဲ့ ဖုန်းမှတ်တမ်းတွေကို စစ်ဆေးရာ သူတို့နဲ့အတူ မူးယစ်ဆေးရောင်းဝယ်ရာမှာ ကြီးကြပ်ကွပ်ကဲပြီး ကိုယ်တိုင်ရောင်းဝယ်သယ်ဆောင်တဲ့ မမ(ခ) ဝင်းဝင်းမော် နဲ့ ဆက်သွယ်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေရာကနေ စက်တင်ဘာ ၁၇ ရက်နေ့က ဖမ်းမိခဲ့တာဖြစ်ပါတယ်။ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု မြို့ပတ်(၁)လမ်းမကြီးပေါ်မှာ မမ(ခ)ဝင်းဝင်းမော် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို မှုခင်းအကူရဲတပ်ဖွဲ့မှ ရဲအုပ်ခင်မောင်အေးအဖွဲ့တဲ့ သက်သေတွေနဲ့အတူ စစ်ဆေးရာ ဖုန်း၂ လုံးနဲ့ ငွေတွေကို တွေ့တဲ့အတွက် သက်သေတွေ ရှေ့မှာ သိမ်းဆည်းပြီး မမ(ခ) မ၀င်းဝင်းမော်ရဲ့ နေအိမ်ကို ဖမ်းဝရမ်းနဲ့ သွားရောက်စစ်ဆေးရာ WY စိတ်ကြွဆေးပြား ၁၉၉ ပြား၊ မူးယစ်ဆေးအသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေကို တွေ့ရှိတဲ့အတွက် သိမ်းဆည်းခဲ့တာပါ။ မှုခင်းအကူရဲတပ်ဖွဲ့မှ ရဲအုပ်ခင်မောင်အေးက "စက်တင်ဘာ ၁၅ ရက်နေ့ ပရည်တောင် ကျေးရွာက အောင်မင်းဦးရဲ့ အိမ်မှာ WY ဆေးပြားတွေ ဖမ်းမိပြီးကတည်းက ကွင်းဆက်တရားခံ ဖြစ်တဲ့ မမ(ခ)ဝင်းဝင်းမော် ကို ဖမ်းဆီးမိဖို့အတွက် ကျနော်တို့ အဖွဲ့တွေစုံစမ်းနေတာပါ။ သူအိမ်ကထွက်ရင် မြို့ပတ်(၁)လမ်း ဘက်ကို သွားတတ်တယ်လို့ သတင်းရတော့ စက်တင်ဘာ ၁၇ ရက်၊ မနက် ၉ နာရီလောက်မှာ ကျနော်တို့အဖွဲ့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပါတယ်"လို့ ပြောပါတယ်။ မြိတ်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူ မမ(ခ)ဝင်းဝင်းမော် ကို မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/ ၂၁ နဲ့ အရေးယူ ထားတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024