လူမည်းတဦးကိုပစ်သတ်ခဲ့သည့် ရဲအရာရှိကို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့မှု လူအများ ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ စိန့်လူးဝစ်မြို့မှာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူဖြူရဲအရာရှိက လူမည်းတဦးကို သေနတ်နဲ့ပစ်ခတ်ပြီး သေဆုံးသွားခဲ့တဲ့ဖြစ်ရပ်မှာ သေနတ်နဲ့ပစ်ခတ်သူ လူဖြူရဲအရာရှိကို အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့အပြီး လူပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ စက်တင်ဘာ ၁၅ ရက်က စတင်ဆန္ဒပြခဲ့ကြရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပေမယ့် စက်တင်ဘာ ၁၇ ရက်က သုံးရက်မြောက် ဆန္ဒပြခဲ့ကြရာမှာတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်။ ရဲစခန်းတွေမှာ ချထားတဲ့ အတားအဆီးတွေရှေ့မှာ ဆန္ဒပြသူ လူရာပေါင်းများစွာ စုရုံးခဲ့ကြပြီး ရဲက သတ်မှတ်ထားတဲ့ အတားအဆီးမျဉ်းကို ကျော်သွားခဲ့ပေမယ့် ပြဿနာ တစုံတရာ ဖြစ်ပွားခဲ့တာ မရှိပါဘူး။ ဆန္ဒပြသူတွေဟာ ရဲစခန်းတွေရဲ့ရှေ့မှာ လူမည်းပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ပုံစံမျိုး ဆန္ဒပြခဲ့ကြပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့က ဆန္ဒပြမှုမှာ လူ ၁၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖြော်ပထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up