ဇနီးသည်ကို လက်ဆွဲနှုတ်ဆက်ပြီး စင်မြင့်ပေါ်က ထွက်ခွာခိုင်းသည့် ဒေါ်နယ်ထရမ့် (ရုပ်သံ)
Published By
DVB | 18 September, 2017
3.4K
0
Share
0
Comment
0
Likes
မေရီလန်းပြည်နယ် ဝါရှင်တန်ဒီစီနားက စစ်ထောက်ပံ့ရေးစခန်းမှာ ပြုလုပ်တဲ့ပွဲအတွင်း သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးသည် မယ်လန်နီယာထရမ့်တို့ရဲ့ ကြောင်တောင်တောင်နိုင်တဲ့ အချိန်ခဏတာ ဗွီဒီယိုရုပ်သံ ထွက်ပေါ်လာပါတယ်။
မေရီလန်းပြည်နယ်က ဂျွိုင့်ဘေ့စ်အန်ဒရူး စစ်ထောက်ပံ့ရေးစခန်း စင်မြင့်ပေါ်မှာ အမေရိကန်သမ္မတကတော်က သူမရဲ့ခင်ပွန်းကို မိတ်ဆက်ပေးနေစဉ် ဒီလို စိတ်ကသိကအောက် ရှက်စရာ ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။
သမ္မတကတော် မယ်လန်နီယာက သူမခင်ပွန်းရဲ့အမည်ကို ပြောပြီးနောက် ထရမ့်က သူမထံ အလုပ်သဘောဆန်ဆန် လျှောက်လာက လက်ဆွဲနှုတ်ဆက်ပြီး ကြည့်ရှုနေကြတဲ့ စစ်ဝန်ထမ်းတွေရှေ့မှာ သူမကို စင်ပေါ်ကနေ ထွက်ခွာဖို့ တွန်းလွှတ်လိုက်တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။
မယ်လန်နီယာအနေနဲ့ သူမရဲ့ခင်ပွန်းနဲ့ပတ်သက်ပြီး ဒီလို စိတ်မသက်မသာ ဖြစ်ရတာက ဒါ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဖလော်ရီဒါပြည်နယ် စည်းရုံးလှုံ့ဆော် လူထုစည်းဝေးပွဲမှာ သမ္မတကတော် ခင်ပွန်းဖြစ်သူနဲ့ အတူတကွရှိခဲ့တဲ့ ရုပ်သံထဲမှာလည်း သူမ မိန့်ခွန်းပြောနေတုန်း ထရမ့်က သူမရဲ့လက်မောင်းကို တို့လိုက်လို့ သူမ စိတ်မချမ်းမသာဖြစ်ပြီး ရုတ်တရက် တုန်လှုပ်သွားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
သမ္မတထရမ့်က စက်တင်ဘာ ၁၅ ရက်နေ့မှာ ဂျွိုင့်အင်ဒရူးဘေ့စ် စစ်ထောက်ပံ့ရေးစခန်းမှာ ပြောတဲ့မိန့်ခွန်းထဲ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုကို ရှုတ်ချထားပြီး ခေါင်းဆောင် ကင်ဂျုံအန်းကို ဆန့်ကျင် ရန်လိုတဲ့ မိန့်ခွန်းကို ဆက်ပြောခဲ့တယ်လို့ ဆိုပါတယ်။
“အမေရိကန်နိုင်ငံနဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေကို ဘယ်တော့မှ ခြိမ်းခြောက်လို့မရဘူး၊ ခြိမ်းခြောက်သူအားလုံးရန်ကနေ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်း၊ ကျနော်တို့နိုင်ငံနဲ့ လူမျိုးအတွက် ကာကွယ်သွားမယ်” လို့ မိန့်ခွန်းထဲမှာ ထရမ့်က ပြောခဲ့ပါတယ်။