Live
Home
မြန်မာသတင်း
မြိတ်တွင် ချို့တဲ့လူနာများအား တက္ကသိုလ်ကျောင်းသားများ ငွေကြေးထောက်ပံ့လှူဒါန်း
DVB
·
September 18, 2017
မြိတ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ချို့တဲ့လူနာတွေကို စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မြိတ်တက္ကသိုလ် အဆောင်နေ ကျောင်းသားတွေက ငွေကြေးထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။ မြိတ်တက္ကသိုလ်ကျောင်းဝင်းထဲက ပုလဲရာဇာ အဆောင်နေ ကျောင်းသား ၆၄ ဦးက မုန့်ဖိုးတွေ စုဆောင်းပြီး မြိတ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ချို့တဲ့လူနာတွေကို သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ “ဆေးရုံတက်နေရတဲ့ ချို့တဲ့လူနာဆိုတာ ငွေကြေးအခက်အခဲ ရှိမယ်။ ဒီတော့ စိတ်အားငယ်ကြမှာပေါ့။ အဆောင်နေ ကျောင်းသားတွေက သူတို့ရဲ့မုန့်ဖိုးတွေကို စုဆောင်းပြီး စာသင်နှစ်ကုန်ရင် Dinner လုပ်မယ့်အစား Dinner မလုပ်တော့ပဲ ချို့တဲ့လူနာတွေကို လှူဒါန်းလိုက်ပါတယ်။ အခုဆိုရင် ဒုတိယအကြိမ် လှူဒါန်းတာ ဖြစ်တယ်” လို့ အဆောင်မှူးဖြစ်သူ ရူပဗေဒဌာနမှ ကထိက ဒေါက်တာဆန်းလွင်က ပြောပါတယ်။ မြိတ်ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ ချို့တဲ့လူနာ ၅၀ ဦးအား တဦးကို ၂ သောင်းကျပ်နှုန်းနဲ့ လှူဒါန်းပေးခဲ့တာပါ။ “ဆေးရုံကြီးဆိုတာ ငွေကြေးတတ်နိုင်တဲ့ လူနာတွေ ရှိသလို ငွေကြေးချို့တဲ့တဲ့ လူနာလည်း ရှိမယ်။ ချို့တဲ့တဲ့ လူနာတွေကို ဒေါက်တာဆန်းလွင်ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ရဲ့ မုန့်ဖိုးတွေစုပြီး ဆင်းရဲနွမ်းပါးတဲ့ လူနာတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းရလို့ ကျနော်တို့ အဆောင်နေ ကျောင်းသားတွေလည်း တဦးနဲ့တဦး အပြန်အလှန် လေးစားမှုတွေ ရလာမယ်။ ယုံကြည်မှုတွေလည်း ရလာမယ်” လို့ ရူပဗေဒဌာနမှ ဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသား မောင်ဟိန်းထက်စိုးက ပြောပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၇ မတ်လတုန်းကလည်း မြိတ်ပြည်သူ့ဆေးရုံကြီးက ချို့တဲ့လူနာတွေကို အဆိုပါဌာနက ပထမအကြိမ် ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024