အာရုံစူးစိုက်မှုမရှိလို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအသင်းနည်းပြပြော

မြန်မာယူ ၁၈ အသင်းအနေနဲ့ အင်ဒိုနီးရှားနဲ့ပွဲမှာ ဘောလုံးပွဲတပွဲလို မကစားဘဲ အာရုံစူးစိုက်မူ မရှိခဲ့လို့ ဂိုးပြတ်ရှုံးနိမ့်သွားတာလို့ မြန်မာနည်းပြ ဘန်လာဘီက ပြောပါတယ်။ မြန်မာယူ ၁၈ အသင်းဟာ အင်ဒိုနီးရှားနဲ့ ကစားခဲ့တဲ့ အာဆီယံယူ ၁၈ ဖလား တတိယ လုပွဲမှာ ၇ ဂိုး ၁ ဂိုးနဲ့ စံချိန်တင်ရှုံးနိမ့်ခဲ့တာပါ။ “ဆီမီးဖိုင်နယ်မှာ မလေးရှားကို ရှုံးပြီးကတည်းက ကစားသမားတွေ က စိတ်ပိုင်းစိတ်ရာ ထိခိုက်သွားပြီး တက်ကြွမူမရှိတော့ဘူး၊ အင်ဒိုနီးရှားတသင်းကပဲ ဘောလုံးကစားနေပြီး မြန်မာအသင်းက ဘောလုံးပွဲကြည့်နေသလို ကစားသွားတယ်” လို့ နည်းပြက ပြောပါတယ်။ .အင်ဒိုနီးရှားနည်းပြ အန်ဒရာ ဆဂျာဖရီကတော့ မြန်မာအသင်းဟာ အရည်အသွေးရှိတဲ့ အသင်းတသင်း ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းမူကြောင့် ဂိုးပြတ်ရှုံးသွားတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ မြန်မာယူ ၁၈ အသင်းဟာ လာမယ့် နိုဝင်ဘာ ၄ ရက်ကစပြီး ကမ္ဘောဒီးယားမှာ ကျင်းပမယ့် အာရှယူ ၁၉ ခြေစစ်ပွဲကစားဖို့ရှိနေပြီး အဲဒီပွဲမတိုင်ခင် ပြင်သစ်နိုင်ငံမှာ ခြေစမ်းပွဲတွေ သွားရောက်ကစားမှာဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - လွှမ်းမိုးအောင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up