Home
အနုပညာ
ဗီယက်နမ် - မြန်မာ ပန်းချီပြပွဲ အမျိုးသားပြတိုက်တွင် ပြသ
DVB
·
September 17, 2017
ဗီယက်နမ် - မြန်မာချစ်ကြည်ရေးတည်တံ့ဖို့ ရည်ရွယ်ပြီး တတိယအကြိမ်အဖြစ် ဗီယက်နမ် - မြန်မာ ပန်းချီပြပွဲကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားပြတိုက်မှာ ကျင်းပနေပါတယ်။ ဗီယက်နမ် သံအမတ်ရဲ့ ကမ်းလှမ်းမှုနဲ့ စီစဉ်ပြသတဲ့ ဒီပန်းချီပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အကြာ ပြသသွားမှာ ဖြစ်ပါတယ်။ ပြပွဲမှာ မြန်မာပန်းချီဆရာ ၁၀ ယောက်ရဲ့ ပန်းချီကားလက်ရာ ၂၀ နဲ့ ဗီယက်နမ် ပန်းချီဆရာအယောက် ၂၀ ရဲ့ ပန်းချီကားပေါင်း ၂၉ ကားကို ပြသထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့တုန်းက ပထမဆုံးအကြိမ်နဲ့ ပြီးခဲ့တဲ့လက ဒုတိယအကြိမ်ပြသခဲ့ပြီးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024