ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများ၏ တင့်ကားချင်း စီးချင်းထိုးပွဲ (ရုပ်သံ)

by dvburma ယူကရိန်းနိုင်ငံ အရှေ့ပိုင်း တိုရဲ့ဇ်မြို့မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက တင့်ကားချင်း စီးချင်းထိုးပွဲကို စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ တိုရဲ့ဇ်မြို့ဟာ ယူကရိန်းအစိုးရ ဆန့်ကျင်ရေး သူပုန်တွေရဲ့ ခြေကုပ်စခန်း ဒန်ညက်စ်မြို့ကနေ ၄၃မိုင် ကွာဝေးပါတယ်။ စစ်သည် ၆ အုပ်စုဟာ အခက်အခဲအမျိုးမျိုးကို ကျော်နင်းပြီး ပစ်မှတ်တွေကို တိုက်ရိုက် ပစ်ခတ်ခဲ့ပါတယ်။ တင့်ကားချင်း စီးချင်းထိုးပွဲဟာ စစ်သားတွေအတွက် ကောင်းမွန်တဲ့ တိုက်ခိုက်ရေး လေ့ကျင့်မှုပဲလို့ စစ်ဆင်ရေး အရာရှိချုပ် ဒန်းနစ် စီနန်ကော့ဗ်က ပြောပါတယ်။ ပြိုင်ပွဲဟာ စက်တင်ဘာ ၁၆ ရက်နေ့ကပြီးစီးပါတယ်။ ရုရှ ကာကွယ်ရေး ဝန်ကြီးဌာနဟာ ၂၀၁၃ ခုနှစ်မှာ တင့်ကားချင်း စီးချင်းထိုးပွဲကို ပထမဆုံး ကျင်းပတာပါ။ အရင် ဆိုဗီယက်ပြည်ထောင်စုဟောင်း အဖွဲ့ဝင်တွေကို ယှဉ်ပြိုင်သူ စေလွှတ်ဖို့ ဖိတ်ကြားပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် လက်နက်ကိုင်တပ်တွေအထိ ဖိတ်ကြားမှု တိုးချဲ့ခဲ့ပါတယ်။ ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ကျူးကျော် သိမ်းပိုက်အပြီး အနောက်နိုင်ငံတွေနဲ့ ရုရှား အစိုးရကြား ဆက်ဆံရေးဟာ စစ်အေးခေတ်တည်းက ခုထိ အနိမ့်ဆုံး အဆင့်ကို ကျဆင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up