မောင်တော ကျောက်ပန္တုကျေးရွာအနီး လက်လုပ်မိုင်းတလုံးတွေ့ရှိ
DVB
·
September 17, 2017
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ကျောက်ပန္တုရွာနားမှာ လက်လုပ်မိုင်းဟောင်း တလုံးတွေ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက နယ်မြေလုံခြုံရေးနဲ့ စိုးမိုးရေး ကျောက်ပန္တုကျေးရွာနဲ့ ကိုက် ၅၀ လောက်အကွာမှာ ARSA အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ အရှည် ၁ ပေ၊ အချင်း ၆ လက်မလောက်ရှိတဲ့ လက်လုပ်မိုင်းဟောင်းတလုံးကို နှစ်ပင်လိမ်ဝါယာကြိုး ၁၀ ကိုက်သွယ်တန်းလျက်နဲ့ တူးဖော်သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီနေရာတဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေ တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။