Home
မြန်မာသတင်း
မောင်တောရှိ ပရဟိတစာသင်ကျောင်းတွင် စာသင်ကြားမှုများ ပြန်လည်စတင်
DVB
·
September 16, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နံသာတောင်ကျေးရွာမှာ တည်ထောင်ထားတဲ့ မောင်တောနယ်စပ် နံသာတောင်အခမဲ့ ပညာဒါနပရဟိတကျောင်းက စစ်ဘေးရှောင် ကျောင်းသားကျောင်းသူတွေဟာ မောင်တောမြို့မကျောင်းမှာ စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး စာသင်ကြားမှုတွေ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။ အဲဒီကျောင်းမှာ ကျောင်းသား ကျောင်းသူ ၃၇၀ ဦးရှိနေပြီး လောလောဆယ်မှာတော့ အလှူရှင်တွေက ကူညီမှုတွေရှိနေပေမယ့် သင်ထောက်ကူ ပစ္စည်းတွေနဲ့ အစားအစာ အခက်အခဲရှိတယ်လို့ မောင်တောနယ်စပ် နံသာတောင်အခမဲ့ပညာဒါနပရဟိတကျောင်း ကျောင်းထိုင်ဆရာတော် ဦးစာရနက  မိန့်ပါတယ်။ မောင်တောမြို့နယ်ထဲမှာ ၂၀၁၂ ခုနှစ်က အကြမ်းဖက်မှုတွေကြောင့် စာသင်ဖို့ခက်ခဲနေတဲ့ ကလေးတွေကို ပညာသင်ပေးနေတဲ့ ကျောင်းဖြစ်ပြီး မောင်တောနယ်စပ် နံသာတောင်အခမဲ့ ပညာဒါနပရဟိတကျောင်းကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ စတင်တည်ထောင်ခဲ့တာပါ။ ၂၀၁၇ ခုနှစ် သြဂတ်လ ၂၅ ရက်နေ့က အစွန်းရောက် အကြမ်းဖက်သမားတွေကြောင့် မောင်တောနယ်စပ် နံသာတောင်အခမဲ့ပညာဒါနပရဟိတကျောင်းနဲ့ ရွာကို မီးရှို့ခံခဲ့ရပြီး ဆရာတော်အပါအဝင် ရွာသားတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရပါတယ်။ နယ်စပ်ရေရာဝန်ကြီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ လှူဒါန်းတဲ့ သိန်း ၅၀၀ လောက်တန်ဖိုးရှိတဲ့ စာသင်ကျောင်းတခုလည်း မီးရှို့ခံလိုက်ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024