ရီးရဲလ်ကွင်းလယ်ကစားသမား အစ္စကို ၅ နှစ်သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်ကစားသမား အစ္စကို ကို ၅ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၅ နှစ်ရှိ စပိန်ကွင်းလယ်ကစားသမား အစ္စကို ကို ရီးရဲလ်အသင်းက တနှစ်လုပ်ခ ပေါင် ၅ ဒသမ ၃၄ သန်း ပေးချေမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်အထိ ရီးရဲလ်အသင်းမှာ ဆက်ရှိတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အစ္စကို ကို တခြားအသင်းတွေရဲ့ ခေါ်ယူမှုကနေ ကာကွယ်ဖို့အတွက် ပေါင် ၆၂၃ သန်းတန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ ကွင်းလယ်ကစားသမား အစ္စကိုဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြကစားခဲ့တာကြောင့်  အသင်းရဲ့ ပွဲထွက်ကစားသမားတဦး ဖြစ်လာတာပါ။ အစ္စကိုဟာ မာလာဂါအသင်းကနေ ၂၀၁၃ ခုနှစ်က ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး ရီးရဲလ်အသင်းနဲ့အတူ ၁၉၇ ပွဲမှာ ၃၄ ဂိုး သွင်းယူထားပါတယ်။

More News
Up