Home
မြန်မာသတင်း
သတင်းထောက် ၃ဦးနှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံရသည့် ကားမောင်းသမား ၂ ဦးကိုစွဲချက်တင်
နော်နိုရင်း
·
September 15, 2017
ဒီဗွီဘီနဲ့ဧရာဝတီသတင်းထောက်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ဟာ မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) အမှု လွတ်မြောက်သွားပြီဖြစ်ပေမယ့် လိုင်စင်မဲ့ကား အမှုနဲ့ ဒီကနေ့ညနေပိုင်းမှာ အမှုစွဲတင်ခံလိုက်ရပါတယ်။ သူတို့ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့  စွဲချက်တင်လိုက်တာဖြစ်ပြီး လာမယ့် စက်တင်ဘာ၂၉ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားတယ်လို့ မိုင်းဆန်းညွန်နဲ့ စိုင်းအောင်ခမ်း တို့ရဲ့ရှေ့နေ ဦးဝင်းမြင့်အောင်က ပြောပါတယ်။ “စွဲချက်တင်တယ်ဗျာ၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ နှစ်ယောက်လုံးကို စွဲချက်တင်တယ်ဗျာ။ ကျနော်တို့ကိုလည်းပြန်ခေါ်သက်သေခေါ်ထားတယ်ဗျာ။ ဗိုလ်သက်နိုင်ဦးရယ် ဒုရဲမှူးသန်းဆွေရယ်။ ကျနော်တို့ ၂၉ ရက်နေ့ ပြန်ခေါ်သက်သေနှစ်ယောက်စစ်ဖို့ ပေါ့။ ” မိုင်းဆန်းညွန်နဲ့ စိုင်းအောင်ခမ်း တို့နှစ်ဦးကို စွဲချက်တင်ပေမယ့် ပြီးခဲ့တဲ့အပတ်ကရရှိထားတဲ့ အာမခံဆက်လက်ပေးထားပါတယ်။ ဒီစွဲချက်ကို ပယ်ဖျက်ပေးဖို့လည်း အထက်တရားးတွေဆီ တင်ပြသွားမယ်လို့လည်း ရှေ့နေ ဦးဝင်းမြင့်အောင်က ပြောပါတယ်။ စိုင်းအောင်ခမ်းက“ကျနော်က အဲဘက်ကို ဘုန်းကြီး ဘုရားဖူးခရီးစဉ်ခေါ်လို့ ကျနော်လိုက်ခဲ့ တာပါဗျာ။ အဲဒီနေရာမှာပဲ ကျနော်တို့ ကားရပ်ပြီးတော့ သူတို့ကားရောက်လာတော့ သူတို့ကားစစ်ရင်းနဲ့ ကျနော်က ရောပြီးပါလာတာ။ ကျနော် ဘာမှလည်းမသိဘူး။ ဥပဒေအကြောင်းအရာလည်း သိပ်မသိဘူး။ တခါမှလည်း ဒီလိုကိစ္စမျိုးလည်း မကြုံဖူးဘူးဆိုတော့လေ။ ကျနော်တို့ဘက်က စဉ်းစားကြည့်ရင်တော့ နည်းနည်းတော့ နစ်နာတာပေါ့။ ကျနော်တို့က တောသူတောင်သားတွေဆိုတော့ ဘာမှလည်းမတတ်၊ ဘာမှလည်း မရှိပါဘူး။ လက်လုပ်လက်စားပဲ။ ကျနော် ထောင်ထဲရောက်တော့ ကျနော့်အဖေလည်း ဆေးရုံတင်ရတယ်” လို့ ပြောပါတယ်။ ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းထောက် ဦးသိန်းဇော်၊ တီးဝိုင်းမှာ ဒရမ်တီးတဲ့ မိုင်းထွန်းအေး၊ ကားမောင်းသမား မိုင်းဆန်းညွန့်နဲ့ စိုင်းအောင်ခမ်းတို့ ၆ ဦးဟာ ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးအပြန် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခံခဲ့ရ တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024