Home
မြန်မာသတင်း
မိုးကောင်းမြို့နယ်တွင် ဒေသခံအမျိုးသမီးတဦး မျှစ်ချိုးသွားရာက မိုင်းနင်းမိပြီးဒဏ်ရာရ
DVB
·
September 15, 2017
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့သစ်ကြီးရွာက ဒေသခံအမျိုးသမီးတဦး စက်တင်ဘာ ၁၅ ရက်နေ့မနက် ၈ နာရီလောက်က  တောထဲ မျှစ်ချိုးသွားရာက မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ခြေမျက်စိအောက်ပြတ်သွားပါတယ်။ လူနာရှင်ရဲ့အမျိုးသားဖြစ်သူ ကိုထွန်းထွန်းဝင်းက“နှစ်တိုင်းသွားပြီးမျှစ်သွားချိုးတယ်။ နမ္မတီးမြို့သစ်ကြီးရွာနား နန့်ခမ်းချောင်းနားက ဝါးရုံးမှာသွားချိုးတာပါ။ ကျတော်နဲ့ နှစ်လံလောက်အကွာမှာဖြစ်သွားတာ”လို့ ပြောပါတယ်။ အဆိုပါမိုင်းထိတဲ့လူနာကို နမ္မတီးဆေးရုံးကနေလွှဲပြောင်းပြီး မြစ်ကြီးနား အထွေထွေဆေးရုံကြီးကို  ပို့ဆောင်ဆေးကုသမှုပေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024