၃၅ နိုင်ငံပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ ကမ်းခြေစောင့်တပ်ဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နဲ့ တရုတ် အပါအဝင် နိုင်ငံ ၃၅ နိုင်ငံပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကမ်းခြေစောင့်တပ်ဖွဲ့ ထိပ်သီးဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ အခုပြုလုပ်တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ထိပ်သီးဆွေးနွေးပွဲဟာ အန္တရာယ်ကြီးလာတဲ့ ပင်လယ်ဓားပြကိစ္စ၊ လူကုန်ကူးမှုကိစ္စတွေကို တုံ့ပြန်ဖို့ ရည်ရွယ်တာဖြစ်သလို ပင်လယ်ပြင်မှာ တရားဥပဒေစိုးမိုးရေးကို တိုးမြှင့်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ကျနော်က ဒေသတခုနဲ့ တခုအကြား ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို တည်ဆောက်ချင်တာပါ။ အခုချိန်ထိ ပေါင်းစည်းမှုမရှိသေးတဲ့ နိုင်ငံတွေအချင်းချင်း၊ ဒေသချင်းကြားမှာ သတင်းအချက်တွေ ဖလှယ်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ချင်တာပါ” လို့ ဂျပန်ကမ်းခြေတပ်ဖွဲ့ အကြီးအကဲ ဆာတိုရှီနာကာဂျီမားက ပြောကြားသွားပါတယ်။ “ကျနော်မျှော်လင့်ပါတယ်။ တက်ရောက်လာသူတိုင်း ဒီထိပ်သီးဆွေးနွေးပွဲကနေ ဆေးနွေးညှိနှိုင်းမှုအသစ်တွေ၊ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေ လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးအဖြစ် အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဂျပန်ေ်မြယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဆိုင်ရာဝန်ကြီး ကဲကျိရှိက ပြောကြားသွားတာပါ။ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ အရှေ့တရုတ်ပင်လယ်က ကျွန်းတချို့အတွက် ပိုက်နက်အငြင်းပွားနေသလို တောင်တရုတ်ပင်လယ်မှာလည်း တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတချို့ အကြားမှာ ပိုင်နက်အငြင်းပွားနေတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up