အီဂျစ် ရဲယာဉ်တန်းအား တိုက်ခိုက်ခဲ့သည့်ဓာတ်ပုံများ အိုင်အက်စ် ဖြန့်ချိ

အီဂျစ်နိုင်ငံ စီနိုင်းကျွန်းဆွယ်မြောက်ပိုင်းခရိုင်ရဲ့ မြို့တော် အာရစ်ရှ်နားမှာ ရဲယာဉ်တန်းကို တိုက်ခိုက်တဲ့ ဓာတ်ပုံတွေကို အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက အင်တာနက်ပေါ် တင်ခဲ့ကြပါတယ်။ တိုက်ခိုက်မှုအတွင်း သံချပ်ကာကား ၃ စီးနဲ့ အချက်ပြကားတစီးကို ဖျက်ဆီးနိုင်ခဲ့ကြတယ်လို့ လုံခြုံရေးနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ တိုက်ခိုက်မှုကနေ ရင်ဆိုင်ပစ်ခတ်တဲ့ တိုက်ပွဲပါ ဆက်ဖြစ်ပွားခဲ့တာပါ။ စစ်သွေးကြွတွေဟာ လူနာတင်ယာဉ် လုပ်သားတွေကိုပါ ပစ်ခတ်ခဲ့လို့ လူ ၄ ဦး ဒဏ်ရာရတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ရဲ ၁၈ ဦး သေဆုံးခဲ့တယ်၊ ပေါက်ကွဲမှုကြောင့် ဗိုလ်မှူးချုပ်တယောက် ခြေတဘက် ဆုံးရှုံးခဲ့တယ်လို့ အာရစ်ရှ်ဆေးရုံ သတင်းရင်းမြစ်က ပြောပါတယ်။ အီဂျစ်နိုင်ငံမှာ သမ္မတ အဘ်ဒယ် ဖာတာ အယ်လ်စီစီ ဦးဆောင်တဲ့ စစ်တပ်က အစ္စလာမ္မစ် သမ္မတ ဟိုဟမ်မဒ် မာစီကို ဖြုတ်ချအပြီး ၂၀၁၃ ခုနှစ်တည်းက ခုထိ စစ်သွေးကြွတွေဟာ ရာနဲ့ချီတဲ့ စစ်သားနဲ့ ရဲတွေကို သတ်ဖြတ်ခဲ့ကြပါတယ်။ ဓာတ်ပုံ - ရိုက်တာ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up