နောက်ခံလူတဦးခေါ်ရုံဖြင့် ခံစစ်ပြဿနာ ဖြေရှင်းနိုင်မည်မဟုတ်ဟု လီဗာပူးနည်းပြ ပြော

နောက်တန်းကစားသမားတဦး ခေါ်ယူရုံနဲ့ ခံစစ်ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းမှာ စက်တင်ဘာ ၁၃ ရက်ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ဆီဗီလာအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး ခံစစ်က ဂိုးတွေခွင့်ပြုနေတာကို ဂျာဂန်ကလော့က ကျေနပ်မှုမရှိဘဲ ဖြစ်နေတာပါ။ ဒီလို ခံစစ်က ဂိုးတွေ လွယ်လွယ်ပေးနေရပေမယ့် ကစားသမားတဦး ခေါ်ယူလိုက်ရုံနဲ့ အဆင်ပြေသွားမှာမဟုတ်ဘဲ ကစာသမားတွေအနေနဲ့ အမှားတွေကနေ သင်ခန်းစာယူဖို့ လိုတယ်လို့ ဂျာဂန်ကလော့က ဆိုပါတယ်။ လီဗာပူးအသင်းဟာ နွေရာသီအပြောင်းအရွှေ့က ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ခံစစ်ပိုင်း အမှားများတာတွေနဲ့ ပတ်သက်ပြီး ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up