ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ ၅ ဆင့်တက်ပြီး အဆင့် ၁၅၂ တွင်ရပ်တည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်မှာ မြန်မာက ၅ ဆင့်တက်လာပြီး ကမ္ဘာ့အဆင့် ၁၅၂ နဲ့ အာဆီယံဒေသတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းဟာ အရင်လ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အဆင့် ၁၅၇ နေရာမှာ ရပ်တည်ခဲ့တာပါ။ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်က ကမ္ဘာ့အဆင့် ၁၂၃၊ ဗီယက်နမ်က အဆင့် ၁၃၀၊ ထိုင်းက ၁၃၇၊ မြန်မာက ၁၅၂၊ စင်ကာပူက ၁၆၂၊ လာအိုနဲ့ မလေးရှားက အဆင့်တူ ၁၆၆၊ အင်ဒိုနီးရှားက ၁၆၉၊ ကမ္ဘောဒီးယားက ၁၇၂၊ ဘရူနိုင်းက ၁၈၆ နဲ့ တီမောက အဆင့် ၁၉၂ မှာ အသီးသီး ရပ်တည်နေပါတယ်။

More News
Up