ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဂျာမနီ နံပါတ် ၁ နေရာ ရောက်ရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်မှာ ဂျာမနီက နံပါတ် ၁ နေရာကို ရောက်ရှိလာပါတယ်။ အရင်က နံပါတ် ၁ နေရာ ရယူထားတဲ့ ဘရာဇီးကတော့ အဆင့် ၂ နေရာကို ဆင်းပေးလိုက်ရပါတယ်။ ဥရောပချန်ပီယံ ပေါ်တူဂီက အဆင့် ၃၊ အာဂျင်တီးနားက အဆင့် ၄ နဲ့ ဘယ်လ်ဂျီယံက အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ပိုလန်က အဆင့် ၆၊ ဆွစ်ဇာလန်က အဆင့် ၇၊ ပြင်သစ်က အဆင့် ၈၊ ချီလီက အဆင့် ၉ နဲ့ ကိုလံဘီယာက အဆင့် ၁၀ မှာ အသီးသီးရှိနေပါတယ်။ ဝေးလ်ကတော့ အဆင့် ၁၃ နေရာကို တက်သွားပြီး အင်္ဂလန်ကတော့ အဆင့် ၁၅ နေရာကို လျောကျသွားပါတယ်။ အင်္ဂလန်အတွက်တော့ ၂၀၁၅ ဇွန်လနောက်ပိုင်းမှာ အနိမ့်ဆုံးအဆင့်ကို ကျရောက်သွားတာပါ။ ဖီဖာကတော့ နောက်တကြိမ် ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကို လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up