ရခိုင်အရေး မကြာမီ ပြန်တည်ငြိမ်အေးချမ်းမည်ဟု မျှော်လင့်ကြောင်း တရုတ်ပြော
DVB
·
September 15, 2017
မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေး မကြာမီ ပြန်လည်တည်ငြိမ်အေးချမ်းဖို့ မျှော်လင့်ကြောင်း တရုတ်အစိုးရက စက်တင်ဘာ ၁၄ ရက်က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချန်းယဉ်က တရုတ်အစိုးရဟာ ရခိုင်ပြည်နယ်အရေး မကြာခင် ပြန်လည်တည်ငြိမ်အေးချမ်းဖို့နဲ့ ဒေသခံပြည်သူတွေ ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်စေဖို့ မျှော်လင့်ကြောင်း၊ ဒီအရေးနဲ့ ဆက်စပ်သက်ဆိုင်တဲ့ ကိစ္စတွေမှာ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေကို တရုတ်အစိုးရရဲ့ ရပ်တည်ချက်တွေကို ကြိမ်ဖန်များစွာ ထပ်လောင်းပြောကြားထားပြီး ဖြစ်တယ်လို့ ပြောဆိုတာပါ။
သူတို့အနေနဲ့ သက်ဆိုင်ရာပါတီတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းသွားဖို့နဲ့ ကောင်းမွန်တဲ့ ပြင်ပဝန်းကျင် ဖန်တီးပြီး သက်ဆိုင်ရာ အရေးကိစ္စကို သင့်တော်ကောင်းမွန်စွာ ကိုင်တွယ်ဖို့ အဆင်သင့်ရှိနေပါတယ်လို့လည်း ပြောသွားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံ ရခိုင်အရေးနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း ပြောထားပါတယ်။