Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 14, 2017
မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၅၄,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၅,၀၀၀ ဈေးတက်လာပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၄၁၈,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ကြက်သွန်နီ ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၇၀၀ ကျပ်ကနေ ငွေကျပ် ၂,၀၇၅ ပေါက်ဈေး ရှိနေပါတယ်။ အာလူး အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁၂၀ ကျပ်ကနေ ငွေကျပ် ၇၀၀ ပေါက်ဈေးရှိပါတယ်။ စားအုန်းဆီ မန္တလေးကုန်စည်ဒိုင်မှာတော့ စားအုန်းဆီက ၁ ပိဿာကို ၁၀၀ ကျပ် ဈေးမြင့်တက်လာပြီးတော့ စားအုန်းဆီက ၁ ပိဿာကို ၁၉၀၀ ကျပ်ကနေ ငွေကျပ် ၁၉၂၀ ပေါက်ဈေးရှိပါတယ်။ စီပီပြောင်း လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၅၄၀ ကျပ်ကနေ ငွေကျပ် ၆၀၀ ပေါက်ဈေးရှိပါတယ်။ ရွှေပဲသီး အောင်ပန်း ကုန်စည်ဒိုင်မှာတော့ ရွှေပဲသီးက ၁ ပိဿာကို ၅၀၀ ကျပ် ဈေးမြင့်တက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၂,၂၀၀ ရှိပါတယ်။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၅၀ ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁,၀၅၀ ပေါက်ဈေးရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024