ကျောက်မျက်ဥပဒေကို မိုးကုတ်ဒေသခံများ ကန့်ကွက် (သတင်းဓာတ်ပုံ)
DVB
·
September 14, 2017
ကျောက်မျက်ဥပဒေကို လက်မခံ ကန့်ကွက်တဲ့ ရှင်းလင်းပွဲကို မိုးကုတ်မြို့ ပန်းခြံထာပွဲ မိုးကုတ်ထာပွဲ ကျောက်ကုန်သည်ပွဲစားများအဖွဲ့က စက်တင်ဘာ ၁၄ ရက်နေ့မှာ ကျင်းပပါတယ်။
သြဂုတ် ၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ၂၀၁၇ မြန်မာ့ကျောက်မျက်ဥပဒေ အခန်း(၅) ပုဒ်မ ၁၀ ကနဲ့ အခြားဒေသခံတွေက လက်မခံနိုင်တဲ့ ဥပဒေအချို့ကို ပြင်းထန်စွာ ကန့်ကွက်ကြတာပါ။
အဲဒီအခမ်းအနားမှာ ကျောက်မျက်ရတနာကုန်သည်တွေနဲ့ ရှမ်းတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့၊ တအာင်းပလောင်နဲ့ လီဆူးတိုင်းရင်းသားပါတီဝင်တွေ ဒေသခံတွေ တက်ရောက်ခဲ့ကြပြီး ကျောက်မျက်ဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။